The Great Grand Superhero

⚠️ Player မပေါ်လာပါက VPN သုံးပြီးကြည့်ပါ။ ( If player doesn't load, please use VPN )
📱Full Screen ကြည့်ရှု့နိုင်ပါသည်

ဇာတ်ညွှန်း

The Great Grand Superhero:Aliens Ka Aagman (2026) ငါ့အဘိုးက စူပါဟီးရိုး IMDb(7.8/10) မင်းသားကြီး Jackie Shroff ရဲ့မိသားစုဝင်အချင်းချင်း ကြားက သံယောဇဉ်၊ ကလေးတွေရဲ့ စိတ်ကူးယဉ်အိမ်မက်‌တွေနဲ့ စူပါဟီးရိုး ဇာတ်လမ်းတွေကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ၂၀၂၆ ထွက် အိန္ဒိယ သိပ္ပံပညာပေး မိသားစုရုပ်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အသက် ၁၁ နှစ်အရွယ် ဒီပူး ဆိုတဲ့ ကောင်လေးဟာ မြို့သစ်တစ်ခုကို ပြောင်းရွှေ့လာချိန်မှာ ကျောင်းက သူငယ်ချင်းအသစ်တွေရဲ့ အထင်ကြီးမှုကို ရရှိဖို့အတွက် ငါ့အဘိုးဟာ တကယ့် စူပါဟီးရိုးတစ်ယောက်ပဲ ဆိုပြီး လိမ်ပြောလိုက်မိပါတယ်။သူငယ်ချင်းတွေက အဘိုးဖြစ်သူကို တကယ်စူပါဟီးရိုးဟုတ်မဟုတ် စိစစ်ဖို့ စာမေးပွဲတွေ ထုတ်လာတဲ့အခါ၊ မြေးဖြစ်သူရဲ့ မျက်နှာမပျက်စေချင်တဲ့ အဘိုးဖြစ်သူ ကလည်း မဖြစ်မနေ စူပါဟီးရိုးအဖြစ် ဟန်ဆောင်ပြသပေးခဲ့ရပါတယ်။ဒါပေမဲ့ မထင်မှတ်ထားဘဲ ကမ္ဘာဂြိုဟ်ပေါ်ကို တကယ့် ဂြိုဟ်သားတွေ ရောက်ရှိလာပြီး ဘေးအန္တရာယ် ပေးလာတဲ့အခါမှာတော့… ဟန်ဆောင်နေရတဲ့ အဘိုးတစ်ယောက် မြေးဖြစ်သူနဲ့ ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် တကယ့်စူပါဟီးရိုးတစ်ယောက်လို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ရယ်မောဖွယ်၊ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Categories: 2026BollywoodComedyDramaMovieTrending

Related Movies