Kattalan
ဇာတ်ညွှန်း
Kattalan (2026) မုဆိုး မေလတုန်းက ရုံတင်ပြသခဲ့တဲ့ ခပ်မိုက်မိုက် မာလျာလမ်စကားပြော ဆင်စွယ်မှောင်ခိုအက်ရှင်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၂၄ တုန်းက ကြမ်းတယ်ရမ်းတယ်လို့ နာမည်ကြီးခဲ့တဲ့ Marco ရုပ်ရှင်နဲ့ ၂၀၁၉ တုန်းကထွက်ရှိခဲ့တဲ့ Mikhael ရုပ်ရှင်တို့နဲ့ ယူနီဗာ့စ်တစ်ခုတည်းမှာ ချိတ်ဆက်တည်ရှိနေတာပါ။ ၁၉၉၅ ခုနှစ်ဝန်းကျင်တုန်းက ကီရယ်လာပြည်နယ်နဲ့ တမီလ်နာဒူး နယ်စပ်မှာရှိတဲ့ အန်နာကိုလီဆိုတဲ့ရွာလေးဟာ တောဆင်ရိုင်းတွေရဲ့ ရန်ကို အမြဲတမ်းကြောက်နေရတဲ့အတွက် မာရီဆိုတဲ့ မုဆိုးတစ်ယောက်ကို ဆင်ရိုင်းတွေကိုရှင်းပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့ မာရီဟာ ဆင်ရိုင်းတွေကိုရှင်းပေးရုံမဟုတ်ဘဲ တစ်ရွာလုံးကို ပြင်ပနဲ့အဆက်အသွယ်ဖြတ်ကာ နှစ် ၂၀ ကြာတဲ့ထိ ထိန်းချုပ်ပြီး ဆင်စွယ်မှောင်ခိုကွန်ရက်ကြီးတခု လျှို့ဝှက်တည်ဆောက်ရင်း ပြိုင်ဖက်ဂိုဏ်းတွေနဲ့ နယ်မြေလုနေခဲ့ပါတယ်။ အဲဒီလိုနယ်မြေလုပွဲတွေဖြစ်နေတဲ့အချိန်မှာ အန်တိုနီဆိုတဲ့ ကြေးစားတဟ်ယောက် မာရီရဲ့ဂိုဏ်းထဲကိုရောက်လာပြီး ရွာသားတွေရဲ့ ဖိနှိပ်ခံရမှုတွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေ၊ မတရားမှုတွေကိုတွေ့ရှိလာတဲ့အခါ...။


