Tales of the Bizarre

⚠️ Player မပေါ်လာပါက VPN သုံးပြီးကြည့်ပါ။ ( If player doesn't load, please use VPN )
📱Full Screen ကြည့်ရှု့နိုင်ပါသည်

ဇာတ်ညွှန်း

Tales of the Bizarre: 2026 Summer Special (2026)ဦးဆုံးစပြောရမယ်ဆို ဒီ Tales of the Bizarre ဆိုတာ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး အအောင်မြင်ဆုံး လျှို့ဝှက်ဆန်းကြယ်စီးရီးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သူက ပင်မဇာတ်လမ်းတစ်ခုတည်းမဟုတ်ပဲ ဇာတ်လမ်းတိုတွေကို စုစည်းပေးထားတဲ့ Anthology လို စတိုင်မျိုးဖြစ်လို့ ဝတ္ထုတိုလေးတွေ ဖတ်နေရသလို ခံစားရမှာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းကျ သူက စီးရီးလို အပိုင်းဆက်မလာတော့ပဲ ရာသီအလိုက် အထူးရှယ်ဆိုပြီး ဇာတ်လမ်းတိုလေး ၄-၅ ခုလောက် ပါဝင်တဲ့ ရုပ်ရှင်အဖြစ် ထွက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီ 2026 Summer Special မှာဆိုရင် ဇာတ်လမ်းတိုလေး ၄ ပုဒ်ပါဝင်ထားပြီး တစ်ခုချင်းစီက ပုံစံအမျိုးမျိုးကွဲပြားပြီး ရသစုံ ခံစားစေရမှာပါ။ တာမိုရီဆိုတဲ့ လမ်းပြလူကြီးတစ်ယောက်က ဇာတ်လမ်း အစနဲ့အဆုံးမှာ ပရိသတ်ကို စကားလေးတွေပြောပြောပြီး တင်ဆက်ဖော်ပြပေးသွားမယ့်ပုံမျိုး ဖြစ်ပါတယ်။ ဇာတ်လမ်း ၁ - အလုပ်မဲ့အကိုင်မဲ့နဲ့ မိဘအိမ်ကပစ္စည်းတွေလည်း အွန်လိုင်းတစ်ပတ်ရစ်ဈေးပေါ် ရောင်းပြီး သုံးဖြုန်းအလေလိုက်တဲ့ သားမိုက်တစ်ယောက် အဲဒီလိုင်းပေါ်မှာ သူ့အမေကြီးကို အမေရောင်းရန်ရှိသည်ဆိုပြီး စပြီးလေလံပစ်ဖို့ လုပ်လာတဲ့အခါ ဘယ်လိုမျိုးတွေ ပေါက်ကရကြုံရမလဲဆိုတာကို ကြည့်ရမှာပါ။ ဇာတ်လမ်း ၂ - ဇနီးမောင်နှံ လူသတ်မှု ဖြစ်ထားတဲ့အိမ်ကို ရဲနဲ့ စုံထောက်ကြီး ဝင်ထောက်လှမ်းနေရာကနေ အလောင်းတစ်လောင်းပျောက်သွားပြီး ဆက်တိုက်ထူးထူးဆန်းဆန်းတွေ ဖြစ်လာတာကို ဘယ်လိုမျိုး ဖြေရှင်းမလဲဆိုတာကို စိတ္တဇဆန်ဆန် စိတ်ဝင်စားစရာ ကြည့်ရမှာပါ။ ဇာတ်လမ်း ၃ - အမေဖြစ်သူက ဆုံးပါးသွားလို့ သူနေတဲ့တိုက်ခန်းကို သွားပြီး ပစ္စည်းတွေရှင်း ရောင်းစားဖို့လုပ်နေတဲ့ သမီးဖြစ်သူတစ်ယောက် အဲဒီတိုက်ခန်းကြီးရဲ့နောက်ကွယ်က ကြောက်စရာအမှန်တရားကို ဘယ်လိုတွေသိသွားမလဲဆိုတာကို ကြည့်ရမှာပါ။ ဇာတ်လမ်း ၄ - ထူးထူးဆန်းဆန်းပါပဲ၊ မူလတန်းကလေးမလေးတစ်ယောက်က လူကြီးခန္ခာကိုယ်ဝတ်စုံကြီး ဝတ်လိုက်ရင် လူကြီးတစ်ယောက်လိုဖြစ်သွားပြီး ကလေးစိတ်နဲ့ လူကြီးပြဿနာတွေကို ဘယ်လို‌ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရမှာပါ။

Categories: Movie2026Thriller

Related Movies