Na Willa
ဇာတ်ညွှန်း
Na Willa (2026) IMDb Rating (7.9) နာဝီလာဆိုတာ ၁၉၆၀ ပြည်လွန်နှစ်များက အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့စွန်က အေးချမ်းတဲ့ရပ်ကွက်လေးထဲမှာနေထိုင်တဲ့ ၆ နှစ်အရွယ်ကလေးမလေးတစ်ယောက်ဖြစ်ပါတယ်။ မိခင်က အင်ဒိုဒေသခံတစ်ဦးဖြစ်ပြီး သူ့ရဲ့နွေးထွေးမှု၊ ဖခင်ဖြစ်သူ တရုတ်အမျိုးသားဘက်က အလိုလိုက်မှုတွေနဲ့ယဉ်ကျေးမှုနှစ်ခုပေါင်းစပ်ထားတဲ့ မိသားစုလေးမှာ ပျော်ရွှင်စွာကြီးပြင်းလာရပါတယ်။ ဒီဇာတ်ကားမှာတော့ အရာရာကိုစူးစမ်းချင်စိတ်ပြင်းပြပြီးဖြူစင်ရိုးသားလွန်းတဲ့ နာဝီလာလေးရဲ့မျက်လုံးက တစ်ဆင့် သူ့ ကမ္ဘာကြီးကိုရှုမြင်ခံစားရမှာဖြစ်ပါတယ်။ လမ်းလေးထဲမှာနေ့စဉ်ကြုံနေရတဲ့ အိမ်နီးချင်းတွေရဲ့ဘ၀တွေ၊ ခေတ်ကာလအပြောင်းအလဲတွေ၊ သူငယ်ချင်းတွေနဲ့ကစားကြ၊ ငြင်းခုန်ကြ သူတို့အသက်နဲ့လိုက်တဲ့ အတွေးအခေါ်အသိဉာဏ်လေးတွေ ဖလှယ်ကြတာကို နွေးထွေးတဲ့ အရောင်တွေနဲ့ဖွဲ့စည်းထားတဲ့ ၁၉၆၀နောက်ခံ Production design အမိုက်စားတွေ သီချင်းလှလှလေးတွေနဲ့ရှုစားရမှာပါ။ ကလေးတွေအချင်းချင်းကြား၊ ကလေးတွေနဲ့ ဆရာ/ဆရာမတွေကြား၊ ကလေးတွေနဲ့ မိဘကြားဖြစ်တတ်တဲ့ ပြဿနာတွေ၊ ရင်ဆိုင်ဖြေရှင်းပုံလေးတွေဟာ ပညာသားပါပြီး လှပလွန်းတဲ့အတွက် ဒီအရွယ်ကလေးရှိတဲ့မိဘတွေ ကိုယ့်ရင်သွေးနဲ့အတူတစ်ကြိမ်လောက်တော့ထိုင်ကြည့်သင့်တဲ့ လူကြီးကြည့် ကလေးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။


