Rabisu: Curse of the Demon (2026)

⚠️ Player မပေါ်လာပါက VPN သုံးပြီးကြည့်ပါ။ ( If player doesn't load, please use VPN )
📱Full Screen ကြည့်ရှု့နိုင်ပါသည်

ဇာတ်ညွှန်း

Rabisu (2026) ဒီတစ်ခါမှာတော့ found-footage supernatural သရဲကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အင်တာနက် သရဲဖမ်းသမားတွေဖြစ်တဲ့ သူငယ်ချင်းအဖွဲ့က သူတို့ချန်နယ်အတွက် နာမည်ပေါက်မဲ့ ဗီဒီယိုတစ်ခု ရိုက်ချင်တာနဲ့ Utah က Rabisu ဆိုတဲ့ ရှေးဟောင်းမိစ္ဆာကောင်ကို ရှာဖို့ ကျောချမ်းစရာ ပိတ်ထားတဲ့ သိုလှောင်ရုံဂိူဒေါင်တစ်ခုဆီ သွားခဲ့ကြပါတယ်။ အဲဒီဂိုဒေါင်ထဲမှာက ထူးဆန်းတဲ့ အရုပ်တွေမျိုးစုံနဲ့ ကြောက်စရာ ဝင်္ကပါတစ်ခုလို ထောင်ချောက်ဆင်ထားတဲ့ နေရာတစ်ခုပါ။မီးပျက်သွားပြီးတဲ့နောက်မှာတော့ မိစ္ဆာဆိုးက သူငယ်ချင်းအဖွဲ့ထဲက တစ်ယောက်ကို ဝင်ပူးပါတော့တယ်။ မိစ္ဆာဆိုးက သူတိုရဲ့ စိတ်တွေကို ခြယ်လှယ်ပြီး အချင်းချင်းတိုက်ခိုက်အောင်လုပ်၊ ထွက်မပြေးနိုင်အောင် နံရံတွေကို ပြောင်းပစ်တော့ သူတို့သူငယ်ချင်းအဖွဲ့ ပိတ်မိနေတဲ့ ရုံထဲမှာ ဖြစ်စဉ်အားလုံးကို ကင်မရာနဲ့ မှတ်တမ်းတင်ထားပြီး ဘယ်လိုအသက်ရှင်အောင် ကြိုးစားကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကိုယ်တိုင်ကြုံနေရသလို ကာရိုက်တာတွေရဲ့ POV အမြင်ကနေ ကြည့်ရှူရမဲ့ သဘာဝလွန်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Categories: MovieHorror2026

Related Movies