Sleepwalker
ဇာတ်ညွှန်း
CineMM CineMM Visit Sponsor Back Sleepwalker Sleepwalker 2026 Movie Myanmar Sub Sleepwalker (2026) IMDb Rating (3.8) / Rotten Tomatoes (14%) ဆာရာဟာ ထူးချွန်တဲ့ ပန်းချီဆရာမတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဆုံးပါးသွားတဲ့ သမီးဖြစ်သူရယ်၊ ကိုမာဝင်နေတဲ့ခင်ပွန်းသည်တို့ကြောင့် ပူဆွေးသောက၊ စိတ်ဖိစီးမှုတွေနဲ့အိမ်မက်ယောင်လမ်းလျှောက်တတ်တဲ့ ဝေဒနာကိုခံစားနေရပါတယ်။ အစပိုင်းမှာရိုးရိုး စိတ်ဝေဒနာတစ်ခုလို အစပျိုးခဲ့ပေမယ့် အဲ့ဒီအိမ်မက်တွေဟာ လူကိုပါ အန္တရာယ်ဖြစ်အောင် အကြိမ်ကြိမ်လုပ်လာပြီး၊ သေဆုံးသွားတဲ့သမီးငယ်ကိုရော၊ ကိုမာဝင်နေတဲ့ ခင်ပွန်းဖြစ်သူကိုပါ ရန်လိုနေတဲ့ ပုံစံနဲ့တွေ့လာရပါတယ်။ နောက်ပိုင်းမှာတော့ ခြောက်လှန့်မှုတွေဟာပိုဆိုးဝါးလာပြီး ကျန်ရှိသေးတဲ့ သားဖြစ်သူပါ အိမ်မက်ယောင်ရောဂါစွဲကပ်လာသလို အသက်အန္တရာယ်ဖြစ်အောင် အိမ်မက်ထဲက ညီမဖြစ်သူနဲ့ဖခင်တို့က လုပ်လာချိန်မှာတော့..။ Sleepwalker ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကသေဆုံးသွားတဲ့ မင်းသမီးချောလေး Hayden Panettiere(Hereos/Nashville) ရဲ့နောက်ဆုံးဇာတ်ကားဖြစ်ခဲ့ပြီးဇာတ်ကားရုံတင်ပြီး ခုနှစ်လအကြာမှာ သူသေဆုံးခဲ့ရတာပါ။ ဇာတ်လမ်းက ဖွဲ့စည်းပုံတွေခြောက်လှန့်ခန်းတွေမဆိုးသလို မင်းသမီးဘက်ကလည်း လျော့မနေခဲ့ပေမယ့် ဇာတ်ညွှန်းလိုအပ်ချက်တစ်ချို့ကြောင့် ဝေဖန်ရေးဆရာတွေအကြိုက်မတွေ့ခဲ့ကြပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းသမီးလေးရဲ့ပရိသတ်တွေအတွက် အလွမ်းပြေနူတ်ဆက်တဲ့အနေနဲ့ တစ်ခါလောက်တော့ကြည့်သင့်တဲ့ကားပါပဲ။


