Sanjeev

⚠️ Player မပေါ်လာပါက VPN သုံးပြီးကြည့်ပါ။ ( If player doesn't load, please use VPN )
📱Full Screen ကြည့်ရှု့နိုင်ပါသည်

ဇာတ်ညွှန်း

Sanjeev (2026) အိပ်မက်ရဲ့ခရီး IMDb (6.8/10) ကျေးလက်ဒေသကနေ လာပြီး မင်းသားတစ်ယောက် ဖြစ်ချင်တဲ့ ဆန်ဂျီဗ် ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ အနုပညာဝါသနာပါလွန်းလို့ ပညာသင်ယူခဲ့ပြီး မင်းသားဖြစ်ဖို့ ကြိုးစားနေသူပါ။ ဒါပေမဲ့ ရုပ်ရှင်လောကမှာ နောက်ခံအသိုင်းအဝိုင်းမရှိတဲ့ သူတို့လို အပြင်လူတွေအဖို့ အခွင့်အရေးရဖို့ဆိုတာ ဘယ်လောက်ထိ ခက်ခဲကြောင်း လက်တွေ့ကြုံလာရပါတယ်။ အဲဒီအချိန်မှာပဲ ဒါရိုက်တာအသစ်စက်စက် ဖြစ်ချင်တဲ့ ရှီဗာ နဲ့ ဆန်ဂျီဗ်တို့ ဆုံတွေ့သွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ ရုပ်ရှင်ကားတစ်ကား အတူတူဖန်တီးပြီး အောင်မြင်အောင် လုပ်ပြမယ်ဆိုတဲ့ အိပ်မက်တစ်ခုနဲ့ လက်တွဲလိုက်ကြပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ရိုက်ကူးရေး စတင်ဖို့ ပြင်ဆင်ချိန်မှာတော့ ငွေကြေးအခက်အခဲ၊ ထုတ်လုပ်သူတွေရဲ့ ဖိအားနဲ့ ဘ၀ရဲ့ လက်တွေ့ကျလှတဲ့ စိန်ခေါ်မှုမျိုးစုံက သူတို့ရှေ့မှာ အကြီးအကျယ် ပိတ်ဆို့လာပါတော့တယ်။ ဆန်ဂျီဗ်ရဲ့ မိသားစု အခြေအနေနဲ့ ငွေကြေးအကျပ်အတည်းက သူတို့ရဲ့ အိပ်မက်ကို ပျက်စီးမလို ဖြစ်စေခဲ့ပြီး အိပ်မက်နဲ့ လက်တွေ့ ဘာကို ရွေးချယ်မလဲဆိုတာ.....။

Categories: 2026BollywoodDramaMovie

Related Movies