Pyaar Prema Kalyanam

⚠️ Player မပေါ်လာပါက VPN သုံးပြီးကြည့်ပါ။ ( If player doesn't load, please use VPN )
📱Full Screen ကြည့်ရှု့နိုင်ပါသည်

ဇာတ်ညွှန်း

Pyaar Prema Kalyanam (2026) မင်္ဂလာ‌ပွဲကစတဲ့အလွဲ ဒါရိုက်တာ Elan ကိုယ်တိုင် မင်းသားအဖြစ် သရုပ်ဆောင်ထားပြီး Netflix ကနေ ထွက်ရှိလာတဲ့ တမီးလ် အချစ်ဟာသ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားက မင်္ဂလာဆောင်ပွဲအပြီး မင်္ဂလာစင်မြင့်ပေါ်မှာတင် ပရိသတ်ကို ခွီရအောင် စတင်လိုက်တာပါ။ မင်္ဂလာပွဲပြီးလို့ သတို့သမီးပါသွားရမယ့်အချိန်ကျမှ သတို့သမီး ပါဗီ က ကျွန်မအိမ်နဲ့ ကျွန်မမိသားစုကို ခွဲပြီး ရှင့်အိမ်ကို မလိုက်နိုင်ဘူး ဆိုပြီး ငြင်းလိုက်ပါလေရော။ပါဗီက မိသားစုကို အရမ်းချစ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေတဲ့ နာမည်ကြီး Social Media Influencer မလေးပါ။ ဒီတော့ ယောကျာ်းဖြစ်သူ အီလန် တစ်ယောက်မိန်းမနဲ့ ပေါင်းရဖို့အတွက် မိဘအိမ်ကို စွန့်ပြီး ပါဗီတို့အိမ်ကို အိမ်ထောင်သည်ယောက်ျား အဖြစ် လိုက်နေရပါတော့တယ်။ ယောက္ခမအိမ်မှာ ယောက္ခမရဲ့ ဖိအားတွေ၊ အိမ်မှုကိစ္စ မလုပ်တတ်လို့ ဖြစ်ရတဲ့ ဒုက္ခတွေနဲ့ ခေါင်းခြောက်ရတဲ့ မင်းသားရဲ့ ဖြစ်ပျက်ပုံတွေကို ဟာသနှောပြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Categories: 2026BollywoodComedyMovieRomance

Related Movies