Nar'sata: Sekutu Setan
ဇာတ်ညွှန်း
Nar'sata: Sekutu Setan (2026) IMDb Rating (5.7) ဘယ်လ်ကစ်ဆိုတာ လူရမ်းကားဖခင်ရဲ့အိမ်တွင်းအကြမ်းဖက်မှုကိုတစ်သက်လုံးခါးစည်းခံလာရတဲ့ မိန်းမငယ်တစ်ယောက်ပါ။ ဒါတွေကြောင့်ပဲ လူတောမတိုးရဲသလိုဖြစ်နေခဲ့တဲ့ သူဟာ အချစ်ဆုံးသူငယ်ချင်း ဝါတီရဲ့စည်းရုံးမှုနဲ့လူ့မလိုင်သူဌေးသားတွေရဲ့ ပါတီတစ်ခုကိုဆန္ဒမပါပဲ လိုက်သွားမိရာကနေ အဲ့ဒီလူတစ်သိုက်ရဲ့ဆေးခတ်အဓမ္မကျင့်မှုကိုခံခဲ့ရပြီး သူကရဲတိုင်မယ်လုပ်တဲ့အချိန်မှာ ရိုက်သတ်ပြီးမသေမရှင်အနေအထားနဲ့စွန့်ပစ်ခံခဲ့ရပါတယ်။ ဒါပေမယ့်နာကျည်းချက်အမုန်းမီးတွေပြည့်နှက်နေတဲ့သူဟာ သူ့ရဲ့ကယ်တင်ရှင်ထူးခြားဆန်းကြယ်တဲ့အဘွားအိုရဲ့တိုက်တွန်းမှုနဲ့နတ်ဆိုးနဲ့အပေးအယူလုပ်ပြီး သူ့ကို ဒီအခြေအနေရောက်အောင် တွန်းပို့ခဲ့သူတွေအားလုံးကိုတစ်ယောက်မကျန် ရက်ရက်စက်စက်ကလဲ့စားချေဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းကရိုးသယောင်ထင်ရပေမယ့် လှည့်ကွက်တွေ၊ သတ်ခန်းဖြတ်ခန်းတွေမိုက်ပါတယ်။ အာရှသည်းထိတ်ရင်ဖိုပရိသတ်အကြိုက်တွေ့မယ့်ဇာတ်ကားကောင်းတစ်ကားပါပဲ။


