Mukhbir: The Story of a Spy - The Movie
ဇာတ်ညွှန်း
Mukhbir – The Story of a Spy (2026) သူလျှိုမှတ်တမ်း အိန္ဒိယ ထောက်လှမ်းရေး အရာရှိဟောင်း မာလွိုင်းခရစ်ရှ်နာဒါးရ်ရဲ့ ဖြစ်ရပ်မှန်အခြေပြု ဝတ္ထုကို မှီငြမ်းရိုက်ကူးထားတဲ့ စပိုင်ဒရာမာရုပ်ရှင်ကို တင်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းဟာ ၂၀၂၂ တုန်းက အပိုင်း ၈ ပိုင်းပါ ဇာတ်လမ်းတွဲအဖြစ် ထွက်ရှိခဲ့ပြီး အခုက အဲဒီဇာတ်လမ်းတွဲကိုပဲ နှစ်နာရီခွဲစာရုပ်ရှင်အဖြစ် ပြန်လည်တည်းဖြတ်ထားတာပါ။ ဒီရုပ်ရှင်ဟာ ၁၉၆၅ ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲ မတိုင်မီ ကာလကို အခြေခံထားပါတယ်။ အဲဒီကာလတုန်းက အိန္ဒိယဘက်ကနေ ပါကစ္စတန်ကိုစေလွှတ်တဲ့ သူလျှိုတိုင်းလိုလို အဖမ်းခံရကုန်တဲ့အတွက် အိန္ဒိယထောက်လှမ်းရေးဘက်က လူရည်လည် ပါးနပ်ပြီး လူကဲခတ်တော်တဲ့ ကာမရန်ဆိုတဲ့လူငယ်ကို သူလျှိုအဖြစ် လေ့ကျင့်ပေးပြီး ပါကစ္စတန်ကိုစေလွှတ်ခဲ့ပါတယ်။ ကာမရန်ဟာ ဟာဖန်ဘူခါရီဆိုတဲ့ နာမည်နဲ့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ထဲကို လျှို့ဝှက်စိမ့်ဝင်ပြီး စစ်တပ်နှင့် ထိပ်တန်း အသိုင်းအဝိုင်းထဲဝင်ရောက်ကာ စစ်ရေး လျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်ရင်း အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအတွက် ကြိုးစားပုံကို ဒီရုပ်ရှင်မှာ စိတ်လှုပ်ရှားစရာမြင်တွေ့ကြရမှာပါ။


