Chennai Love Story
ဇာတ်ညွှန်း
CineMM Visit Sponsor Back Chennai Love Story Chennai Love Story 2026 Movie Myanmar Sub Chennai Love Story (2026) IMDb 7.6 အချစ်ရဲ့ နာကျင်မှု ပျော်ရွှင်မှု ကြေကွဲရမှုတွေကို ကြံ့ကြံခံ ရင်ဆိုင်ခဲ့ပြီးမှ အသည်းကွဲသွားရတဲ့လူတွေ ကြည့်သင့်တဲ့ ရုံတင်ကားလေး တင်ဆက်ပေးထားပါတယ် မင်းသား မင်းသမီးတွေကတော့ အားလုံးနဲ့ မစိမ်းတဲ့ ကီရန်နဲ့ ရှရီဂေါ်ရီတို့ပါ BO အနေနဲ့လည်း ကုဋေ ၅၀ ထိတောင် ရရှိထားပြီးပါပြီ ငယ်သူငယ်ချင်းတွေလည်းဖြစ် တွဲလာကြတာလည်း ၃နှစ်။ အသိုင်းအဝိုင်း အပေါင်းအသင်းအကုန်အသိ တရားဝင်တွဲခဲ့ကြပြီး လက်ထပ်ရမဲ့နေ့မှာမှ ချစ်ရတဲ့အမျိုးသားဆီကနေ ခံဝန်တစ်ခုကို ကြားလိုက်ရတယ်။ အလုပ်ထဲက မိန်းကလေးတစ်ယောက်ကို သဘောကျမိခဲ့တာဖြစ်ပြီး ဒီလက်ထပ်ပွဲကို ဆက်မလုပ်ချင်တော့ပါဘူးတဲ့လေ။ ဘယ်လိုမှ ဆွဲထားမရတဲ့အဆုံး ယုံကြည်မှုတွေ နှစ်ယောက်တူတူ အကောင်အထည်ဖော်ကြမဲ့အိပ်မက်တွေနဲ့အတူ အရုပ်ကြိုးပြတ်ဖြစ်ရတာကတော့ နီဗီပါပဲ။ အမှန်တရားကိုလက်ခံနိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာတွေ့နိုင်ဖို့ နေရာစိမ်းဖြစ်တဲ့ ချန်နိုင်းကို ထွက်လာခဲ့တယ်။ စိတ်ထွက်ပေါက်အနေနဲ့ အရက်သောက်ဖြစ်လာတယ်ပေါ့။ ဒီလိုပြိုလဲနေချိန်မှာပဲ သူ့အကူအညီလိုအပ်နေတဲ့ ကြိုးစားနေဆဲလူငယ်လေး စတီဗင်က ဘဝထဲဝင်လာခဲ့တယ်။ ဒါရိုက်တာဖြစ်ဖို့ကြိုးစားနေပြီး နောက်ခံလည်းမရှိ ငွေကြေးလည်းမတတ်နိုင်တဲ့စတီဗင်ကို သနားလို့ ခေါ်ထားမိရာကနေ သူ့ဘဝ ဘယ်လိုတွေပြောင်းလဲသွားမလဲ စတီဗင်က ဘဝရဲ့အစိတ်အပိုင်းမဟုတ်ဘဲ ဘဝကြီးတစ်ခု ထပ်ဖြစ်လာနိုင်မှာလား။


