Whistleblower
ဇာတ်ညွှန်း
Whistleblower (2019) ********************** IMDb Rating (8.0) "ရုံးခန်းဆိုတာ စစ်မြေပြင်ပဲ... သစ္စာဖောက်တွေက ကိုယ့်အနားမှာတင် ရှိနေနိုင်တယ်" Japanese Corporate Drama ပရိသတ်တွေအတွက် ရုံးတွင်းနိုင်ငံရေးနဲ့ လျှို့ဝှက်ချက်တွေကို အကွက်ကျကျ ဖော်ထုတ်ပြမဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာတော့ ဂျပန်ဝါရင့်မင်းသားကြီးတွေဖြစ်တဲ့ Mansai Nomura, Teruyuki Kagawa နဲ့ Mitsuhiro Oikawa တိုက အဓိကပါဝင်အားဖြည့်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကုမ္ပဏီတစ်ခုရဲ့ ဌာနခွဲမှူးဖြစ်တဲ့ တာမီအို ယာဆူမီ ဆိုတဲ့ လူတစ်ယောက်ကနေ စထားပါတယ်။ သူက အလုပ်မှာ ရာထူးမတိုးတာ ကြာပြီဖြစ်သလို၊ သိပ်လည်း ကြိုးကြိုးစားစား လုပ်လေ့မရှိတဲ့သူပေါ့။ တစ်ဖက်မှာတော့ သူ့ရဲ့ မန်နေဂျာဖြစ်တဲ့ မာကိုတို ကီတာဂါဝါကတော့ အလုပ်ကို အရူးအမူးလုပ်ပြီး တခြားသူတွေအပေါ် အမြဲတမ်း အထက်စီးကနေ နေတတ်သူပါ။ တစ်နေ့မှာတော့ ဘန်ဂျီ ဟာရာရှီမာဆိုတဲ့ ဒုမန်နေဂျာအသစ် သူတိုဌာနကို ရောက်လာတဲ့အခါမှာတော့ ငြိမ်သက်နေတဲ့ ကုမ္ပဏီရဲ့ ရေပြင်အောက်က လှိုင်းလုံးတွေ စတင်လှုပ်ခတ်လာပါတော့တယ်။ အလုပ်မလုပ်ဘဲ အမြဲပျင်းရိနေတဲ့ ယာဆူမီရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ... ကုမ္ပဏီကြီးရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက် အမည်းစက်ကြီးက ဘာဖြစ်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ရုံးတွင်းအာဏာပြိုင်ပွဲတွေ၊ အကျင့်ပျက်ခြစားမှုတွေကို သည်းထိတ်ရင်ဖို ဖော်ထုတ်သွားမယ့် Drama/Thriller ပုံစံမျိုးဖြစ်လို ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ ပရိသတ်ကို ဆွဲခေါ်သွားမှာပါ။ သာမန်ရုံးလုပ်ငန်းခွင် ဇာတ်လမ်းတွေထက် ပိုပြီး ဇာတ်အိမ်ခိုင်တဲ့ Corporate Drama မျိုး ကြိုက်တဲ့သူတွေ လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။


