Until We Meet Again

⚠️ Player မပေါ်လာပါက VPN သုံးပြီးကြည့်ပါ။ ( If player doesn't load, please use VPN )
📱Full Screen ကြည့်ရှု့နိုင်ပါသည်

ဇာတ်ညွှန်း

Until We Meet Again (2026) --------------------------- IMDB - 7.0/10 ၂၀၀၈ ခုနှစ်က အော်စကာဆုပါ ရရှိခဲ့တဲ့ Departures ဆိုတဲ့ ဂျပန်ကားလေးကို ကြည့်ဖူးကြလားမသိဘူး။ သူက ဂျပန်ရိုးရာ ဈာပနတို့ နာရေးတို့ ပြင်ဆင်ပေးတဲ့သူတစ်ယောက်ရဲ့ နိစ္စဓူဝကို ရိုးရိုးရှင်းရှင်းနဲ့ အနုပညာမြောက်မြောက် ဖော်ကျူးထားတဲ့ဇာတ်ကားကောင်းတစ်ကားပေါ့။ နောက်ပြီးတော့ ၂၀၀၅ ခုနှစ်တုန်းကလည်း ဟောလိဝုဒ်ကနေ သရဲဝိဉာဉ်တွေကို မြင်တွေ့နိုင်တဲ့အစွမ်းရှိတဲ့ကောင်မလေးတစ်ယောက်က သူတို့အခက်အခဲတွေကို ကူညီဖြေရှင်းပေးပြီး တမလွန်ဘဝကူးနိုင်အောင် ကူညီပေးတဲ့ Season 5 ထိရှိခဲ့တဲ့ နာမည်ကြီး စီးရီးလေး Ghost Whisperer ဆိုတာလည်း ရှိပြန်တယ်။ ပြောချင်တာကတော့ ကျွန်တော့်အမြင်အရမှာတော့ ဒီဂျပန်ကားလေးက အဲဒီဇာတ်လမ်းဇာတ်အိမ် ၂ ခုကို ပေါင်းစပ်ထားသလိုဖြစ်ပြီး သူ့နည်းသူ့ဟန် သူ့လမ်းကြောင်းနဲ့သူ ရိုက်ထားတဲ့ ဒရမ်မာဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်လို့။ ဒါဟာ နာမည်ကျော် စာရေးဆရာမ Yoko Nagatsuki ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားပြီး၊ ၂၀၂၆ ခုနှစ်အတွင်း ဂျပန်ရုပ်ရှင်လောကမှာ မျက်ရည်အကျစေဆုံးနဲ့ ရင်ထဲကို အနွေးဓာတ်အပေးနိုင်ဆုံး လူမှုဘဝနှင့် သံယောဇဉ် ဒရာမာ ရုပ်ရှင်ကားကြီးလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေပြောရမယ်ဆို မီဆိုရာဆိုတဲကောင်မလေးက သေဆုံးပြီး မကျွတ်မလွတ်ဖြစ်နေသေးတဲ့သူတွေကို တစ်ခါတလေမှာ မြင်တွေ့ရတတ်ပြီး ကူညီပေးတတ်သူတစ်ယောက်။ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း အလုပ်မရသေးလို့ အလုပ်ပေါင်းစုံလျှောက်ပြီး ရုန်းကန်နေရသူလေး။ တစ်နေ့မှာတော့ သေဆုံးသူအမျိုးသမီးတစ်ယောက်ကို ကူညီမိရာကနေ နာရေး ဈာပနအခမ်းအနား စီစဉ်ပေးသူ အုရုရှိဘာရာဆိုတဲ့ ယောက်ျားတစ်ဦးနဲ့ ဆုံစည်းခဲ့ရပါတယ်။ အုရုရှိဘာရာက မီဆိုရာဟာ သေဆုံးသူတွေကို မြင်တွေ့နိုင်တဲ့စွမ်းရည်ရှိတာကို ယုံကြည်ပြီး ဒီစွမ်းရည်ကို အသုံးချပြီး ကွယ်လွန်သူတွေနဲ့ နာရေးရှင်တွေကို ကူညီဖေးမဖို့အတွက် သူ့လုပ်ငန်းမှာ အလုပ်သင်အဖြစ် လုပ်ကိုင်ဖို့ စည်းရုံးဖိတ်ခေါ်လိုက်ပါတော့တယ်။ အဲဒါနဲ့ အလုပ်မရှိလို့ယောင်နေတဲ့ မီဆိုရာလည်း လုပ်ကြည့်မယ်ဆိုရာကနေ လုပ်ကြည့်တဲ့အခါ တကယ်တမ်းအလုပ်ခွင်အတွင်း အုရုရှိဘာရာတစ်ယောက် ဘယ်လိုတင်းကျပ်ပြီး မီဆိုရာ ဘယ်လိုအခက်တွေ့ရမလဲ ကြုံဆုံလာတဲ့ နာရေးပြဿနာလေးတွေကို နှစ်ယောက်သား ဘယ်လိုမျိုး ကိုယ်စီကျွမ်းကျင်ရာ အရည်အချင်းလေးတွေနဲ့ ဖြေရှင်းကြမလဲ နှစ်ယောက်သားမှာလည်း နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းလေးတွေ ရှိနေခဲ့ကြဦးမလဲဆိုတာတွေအပြင် သေဆုံးခြင်းဆိုတဲ့အရာဟာ အဆုံးသတ် ကြောက်စရာတစ်ခုမဟုတ်ပဲ နွေးထွေးတဲ့နှုတ်ဆက်ခြင်းဆိုတာ၊ ချစ်ခြင်းမေတ္တာရဲ့ နောက်ဆုံးလက်ဆောင်တစ်ခု ဖြစ်တယ်ဆိုတာကို သက်သေပြသွားတဲ့ ရင်ထဲစွဲကျန်ရစ်မယ့် ဂျပန် ဒရာမာ ရုပ်ရှင်ကားကောင်းကြီး ဖြစ်ပါတယ်...။ မင်းသားနေရာက My Happy Marriage တို့ Trillion Game တို့ရဲ့သရုပ်ဆောင် အဆိုတော် Ren Meguro ဖြစ်ပြီး ချစ်စရာ မင်းသမီးလေးနေရာကတော့ Godzilla Minus One တို့ Let Me Eat Your Pancreas တို့ထဲက သရုပ်ဆောင် Minami Hamabe လေးဖြစ်ပြီး တခြားသော ဂျပန်နာမည်ရှိ သရုပ်ဆောင်များလည်း ပါဝင်ထားကြပါသေးတာမို့ ပိုလို့တောင် ကြည့်လို့ကောင်းဦးမှာ အသေအချာပါပဲဗျာ...။

Categories: MovieDramaTrending2026

Related Movies