The Sheriff
ဇာတ်ညွှန်း
The Sheriff (2026) ရဲမှူး Nick Light က လွန်ခဲ့တဲ့ငါးနှစ်က သူ့သားအသတ်ခံခဲ့ရပြီး PTSD အလွန်အကျွံရခဲ့တဲ့ သူတစ်ယောက်ပါ။ ဒါပေမဲ့ ရာဇဝတ်ဂိုဏ်းအဖွဲ့တစ်ခုက သူ့ကို သူ့သမီးလေး Jessica ရဲ့အသက်နဲ့ ခြိမ်းခြောက်ခဲ့လို့ အဲ့အမှုကို ဖျက်သိမ်းခဲ့ရပါတယ်။ အခုတော့ သမီးဖြစ်သူ Jessica က သတင်းထောက်တစ်ယောက် ဖြစ်လာပြီး ချောက်ချားစရာအမှုတစ်ခု ထပ်ပေါ်လာပါတယ်။ Tulip ဆိုတဲ့ မူးယစ်ဆေးရောင်းဝယ်ရေးသမားတစ်ယောက်ရဲ့ ကားနောက်ဖုံးထဲမှာ ရက်ရက်စက်စက်အသတ်ခံရတဲ့ လူငယ်တစ်ယောက်ရဲ့ လူသတ်မှုပါ။ ထိုအမှုက လွန်ခဲ့တဲ့ငါးနှစ်က သားဖြစ်သူသေဆုံးမှုနဲ့ တိုက်ဆိုင်နေတာကြောင့် ရဲမှူး Nick Light က အဲဒီအမှုကို ပြန်လိုက်ဖို့ အကြောင်းဖန်လာပြီး ဒီတစ်ခါမှာတော့ သတင်းထောက်ဖြစ်သူ သမီးရဲ့ အကူအညီနဲ့ သားအဖနှစ်ယောက် လက်ရှိအမှုနဲ့ အတိတ်က သူတို့သားနဲ့ အစ်ကိုဖြစ်သူရဲ့အမှုကိုပါ တရားမျှတမှု ယူဆောင်ပေးနိုင်မလားဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမဲ့ ရာဇဝတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။


