The Hunt Down 2

⚠️ Player မပေါ်လာပါက VPN သုံးပြီးကြည့်ပါ။ ( If player doesn't load, please use VPN )
📱Full Screen ကြည့်ရှု့နိုင်ပါသည်

ဇာတ်ညွှန်း

တရုတ်ပြည်အနောက်မြောက်ပိုင်း အပူလှိုင်းဂယက်ထနေတဲ့ သဲကန္တာရအပူချိန်အောက်မှာ ကောင်းဘွိုင်ဆန်ဆန် ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေနဲ့ ရာဇဝတ်သားတွေကိုလိုက်ဖမ်းတဲ့ မှုခင်စုံထောက်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Tiger Hunt 1 ထပ်အက်ရှင်တွေပိုပြီးတိုးတက်လာတာ အားရစရာပါပဲ။ဇာတ်လမ်းကတော့ ၂၀၀၄ခုနှစ် ခြောက်ချားပြီးအေးစက်တဲ့ ဆောင်းဦးရာသီ အနောက်မြောက်ပိုင်းလွင်ပြင်ကြီးပေါ်မှာ လုယက်မှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ ယာဉ်ထိန်းရဲအတုအယောင်အဖြစ်ဟန်ဆောင်ထားတဲ့ လုယက်သူတွေက မိုင်းတွင်းပို့ဆောင်ရေးကားကို တားဆီးလုယက်ပြီး လူနှစ်ယောက်ကိုရက်ရက်စက်စက်သတ်ခဲ့ပြီး ကျယ်ပြောလှတဲ့ ကန္တာရကြီးထဲကို ပုန်းအောင်းထွက်ပြေးသွားခဲ့ကြပါတယ်။ စုံထောက်ရဲအရာရှိ ယန်ကျစ်ကန်းဟာ အခင်းဖြစ်တဲ့နေရာကိုစစ်ဆေးရင်း သဲလွန်စတွေတွေ့သွားခဲ့ပါတယ်။ရဲအရာရှိယန်ကျစ်ကန်းဟာ တရားခံတွေနောက်လိုက်နေတဲ့တစ်လျှောက်မှာ နှုတ်ပိတ်သတ်ခံလိုက်ရတဲ့ မွေးမြူရေးနဲ့အသက်မွေးတဲ့သနားစရာအဖွားအို ကြေးနီမိုင်းအတွင်းကအတွင်းသစ္စာဖောက်တွေ ဘဏ်ဖောက်မှုတွေ ဆက်တိုက်ပေါ်ထွက်လာပါတယ်။ ဒီကြေးနီမိုင်းကားဓားပြမှုကနေအစဖော်လိုက်တဲ့ ရာဇဝတ်မှုတွေဟာ ဘယ်တော့များမှဆုံးနိုင်မလဲဆိုတာမသိပေမယ့် ယန်ကျစ်ကန်းကတော့ သူ့ရဲ့အသက်ကိုစွန့်စားပြီး ခရောင်းမြေထက်မှာ ခြေလှမ်းတိုင်းအသက်လုရင်းရုန်းကန်ရင်း ဒီမြေအောက်စစ်ပွဲကိုအနိုင်တိုက်သွားမှာပဲဖြစ်ပါတယ်။

Categories: MovieAction2026

Related Movies