Rosebush Pruning

⚠️ Player မပေါ်လာပါက VPN သုံးပြီးကြည့်ပါ။ ( If player doesn't load, please use VPN )
📱Full Screen ကြည့်ရှု့နိုင်ပါသည်

ဇာတ်ညွှန်း

Rosebush Pruning (2026) IMDb Rating (5.3) / Rotten Tomatoes (17%) ဒီဇာတ်ကားလေးကတော့ မတရားချမ်းသားကြွယ်ဝတဲ့ လူကုံထံမိသားစုတစ်ခုအတွင်းမှာ ဖြစ်ပျက်နေတဲ့ မှောင်မိုက်အတွင်းကျပြီး စဉ်းစားလို့တောင်မရတဲ့ကိစ္စတွေကို အံ့ဩဘနန်း ပါးစပ်အဟောင်းသား ကြည့်ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် လူချမ်းသာမိသားစုတစ်ခုဟာ နယူးယော့ခ်ကနေ စပိန်နိုင်ငံက အစွန်အဖျားနယ်မြို့လေးမှာ ဇာတ်မြုပ်နေထိုင်ပြီး ရှိသမျှစည်းစိမ်တွေနဲ့ စံစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းလာပြီး မကြာပါဘူး။ အဲဒီမိသားစုထဲက အမေဖြစ်သူက ဆုံးပါသွားပြီး ယောက်ျားဖြစ်သူရယ်၊ သားသုံးယောက်ရယ်၊ သမီးတစ်ယောက်ရယ်ပဲ ကျန်ရှိခဲ့ပါတယ်။ နဂိုကတည်းက ထူးဆန်းတဲ့မိသားစုဟာ အမေဆုံးပြီးနောက်မှာလည်း ထုံးစံအတိုင်း တစ်သက်စားမကုန်တဲ့ စည်းစိမ်တွေကို ဆက်ဖြုန်းနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သားအကြီးဆုံးဖြစ်သူက ဂျက်ခ်က အဲဒီမြို့လေးထဲက အညတရ ဂီတာတီးတဲ့ ကောင်မလေးတစ်ယောက်ကို သဘောကျပြီး သူ့အတွက် အိမ်တွေပါ ဝယ်ပေးပြီး သူတို့မိသားစုစံအိမ်ကနေ ထွက်သွားတော့မှာကို ကျန်တဲ့မိသားစုဝင်တွေ သိလိုက်ရပါတယ်။ အဲဒီကိစ္စလေးကနေ သူတို့မိသားစုအတွင်းမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ဘယ်လိုကိစ္စတွေ သိလာမြင်လာရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ (18+ အခန်းတချို့နှင့် ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

Categories: MovieComedyDramaThriller2026Trending

Related Movies