Pluto
ဇာတ်ညွှန်း
Pluto (2026) ဇာတ်လမ်းပိုင်းမှာ ဆရာတဆူလို့ပြောလို့ရတဲ့ မာလျာလမ်ရုပ်ရှငလောကရဲ့ အသစ်ထွက် ဇာတ်အိမ်ဆန်းဟာသရုပ်ရှင်တစ်ကား ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဗစ်ကီဟာ ကြိုးစားချင်စိတ်ရှိပေမဲ့ ဘာလုပ်လုပ်အရှုံးပေါ်နေတဲ့ ကံဆိုးလူငယ်တစ်ဦးဖြစ်ပါတယ်။ အထည်ရောင်းရင် အထည်ရှုံး၊ အချိုရည်ရောင်းရင်ဝမ်းလျှော၊ ရည်းစားကပါ အလကားဖြတ်သွားတဲ့အထိ ကံဆိုးမိုးမှောင်ကျနေသူပေါ့။ ဒါပေမဲ့ တစ်နေ့ သူ ကမ်းခြေမှာတစ်ယောက်တည်းထိုက်နေတုန်း အာကာသယာဉ်တစ်စင်းပျက်ကျလာပြီး ကမ်းပေါ်တက်လာတဲ့ ဂြိုဟ်သားတစ်ယောက်နဲ့ ဗစ်ကီဟာ မိတ်ဆွေဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဂြိုဟ်သားဟာ တခြားရုပ်ရှင်က ဂြိုဟ်သားတွေလို အစွမ်းတွေမရှိဘဲ တစ်ဂြိုဟ်လုံးမှာ အယ်လ်ကိုဟောပဲရှိတဲ့ဂြိုဟ်တစ်ခုကလာတဲ့ အပယ်ခံတစ်ယောက်ဖြစ်နေတဲ့အပြင် အချိန်ပြည့်အရက်ပဲတောင်းသောက်နေတဲ့ ဗစ်ကီတစ်ယောက်စိတ်ရူးပေါက်ပြီး အဲဒီဂြိုဟ်သားကို ရောင်းစားဖို့ကြံစည်ပါတော့တယ်...။


