LURK
ဇာတ်ညွှန်း
Lurk (2026) နယ်မြေလုပွဲ ဒီဇာတ်ကားကတော့ မလေးယာလမ် Action Thriller ကားကောင်း စောင့်ကြည့်နေတဲ့သူတွေအတွက် ကီရာလာရဲ့ ထူထပ်လှတဲ့ သစ်တောနက်ကြီးထဲ ခေါ်သွားမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းက လူတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ ကြားထဲမှာ နယ်မြေလု၊ သယံဇာတလုပြီး မကြာခဏ ပြဿနာတက်လေ့ရှိတဲ့ သစ်တောကြိုးဝိုင်းဒေသတစ်ခုမှာ စတင်ထားပါတယ် တစ်ရက်မှာတော့ အဲဒီတောအုပ်ကြီးထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ မသင်္ကာစရာ ဖြစ်ရပ်ဆိုးကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအဖြစ်အပျက် နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာ လိုက်ဖော်ထုတ်ရင်းနဲ့တင် တောတွင်း ရှင်သန်ရေးတိုက်ပွဲတွေ၊ လက်စားချေမှုတွေနဲ့ လှည့်ကွက်ပေါင်းစုံ ပါဝင်တဲ့ ကွင်းဆက်ပြဿနာတွေ တစ်ခုပြီးတစ်ခု တက်လာပါတော့တယ်။ သစ်တောကို စောင့်ရှောက်နေတဲ့သူတွေနဲ့ ဒေသခံတွေကြားမှာ ဘယ်သူက တကယ့်အမဲလိုက် သားရဲ ဖြစ်နေလဲ၊ ဘယ်သူကရော သားကောင်ဖြစ်နေတာလဲဆိုတာကို မရေမရာ ဖြစ်လာတဲ့အခါ... သစ်တောကြီးထဲက အမှောင်ရိပ်ခိုနေတဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုတွေ ရင်ဖိုစရာ ဖော်ထုတ်သွားမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။Saiju Kurup နဲ့ Aju Varghese တို့လို မလေးယာလမ်ရဲ့ ါရင့်သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ ကြည့်ရှုခံစားလိုက်ကြပါဦး။


