Ídolos

⚠️ Player မပေါ်လာပါက VPN သုံးပြီးကြည့်ပါ။ ( If player doesn't load, please use VPN )
📱Full Screen ကြည့်ရှု့နိုင်ပါသည်

ဇာတ်ညွှန်း

Ídolos (2026) IMDb Rating (5.2) အဲဒူး ဆဲရာဟာဆိုင်ကယ်ပြိုင်ပွဲဝင်ဖို့တစ်သက်လုံး အိမ်မက်မက်ခဲ့ရသူဖြစ်ပြီးအက်စ်ပါဆိုတဲ့ နာမည်ကြီးအသင်းကနေ အဖိုးတန်ကမ်းလှမ်းမှုတစ်ခုရခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကမ်းလှမ်းမှုမှာအဓိကစည်းကမ်းချက်တစ်ခုဖြစ်နေပြီး အဲ့ဒါကတော့ သူစိတ်နာပြီး ခပ်စိမ်းစိမ်းနေနေတဲ့သူ့အဖေ ဆိုင်ကယ်စီးချန်ပီယံဟောင်း အန်တိုနီယို ဘယ်လာဒီရဲ့လေ့ကျင့်သင်ကြားပေးမှုကိုမဖြစ်မနေလက်ခံရမှာပါ။ အဖေဖြစ်သူနဲ့အဆင်မပြေချင်ပေမယ့် သူ့အိမ်မက်ကြောင့် လက်ခံလိုက်ရပြီး ကွင်းထဲမှာ ဒေါသနဲ့မာနတွေကိုထိန်းချုပ်ရင်းကြိုးစားနေချိန်မှာပဲ တက်တူးဆရာမိန်းမလှလေး လူနာ နဲ့တွေ့ဆုံချစ်ကျွမ်းဝင်ချိန်မှာတော့ မိန်းမတွေကိုအနှောင့်အယှက်လို့သာမြင်နေတဲ့ ဖခင်ဖြစ်သူနဲ့ သူ့ကြားမှာ ပြဿနာတွေပိုပြီးအရှိန်မြင်လာပါတော့တယ်။ အဲဒူတစ်ယောက် မိသားစုပြဿနာ၊ အချစ်ရေး နဲ့ကွင်းထဲက ပြိုင်ဘက်ကစားသမားတွေ လေ့ကျင့်ရေးဖိအားတွေထဲမှာ သူ့ရဲ့အိမ်မက်ပန်းတိုင်ကို ဘယ်လိုဆွတ်ခူးမလဲဆိုတာ အမိုက်စား အကြမ်းစား ဆိုင်ကယ်ပြိုင်ပွဲတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ရှုစားရမှာဖြစ်ပါတယ်။ အက်ရှင်နဲ့အားကစား ပရိသတ်တွေအကြိုက်တွေ့မယ့်ရှားရှားပါးပါး ဆိုင်ကယ်ပြိုင်ပွဲလောကနောက်ခံ ဇာတ်ကားကောင်းတစ်ကားပါပဲ။

Categories: MovieDramaRomance2026

Related Movies