The Corpse (Aka) Quy Nhap Trang
ဇာတ်ညွှန်း
The Corpse (2025) IMDb Rating (6.5) နူ ဟာအလောင်းရေချိုးတဲ့ အလုပ်ကို လုပ်ကိုင်ပြီး လောင်းကစားလည်း အရမ်းဝါသနာပါတဲ့အတွက်သူ့မှာ ဖဲကြွေးတွေလည်ပင်းခိုက်နေပါတယ်။ ကြွေးရှင်တွေက အသက်အန္တရာယ်ကိုပါခြိမ်းခြောက်လာတဲ့အခါမှာတော့သူတို့ပိုင်ဆိုင်ထားတဲ့ မြေတစ်ကွက်ကိုရောင်းချပြီး အကြွေးဆပ်ဖို့စီစဉ်တဲ့အချိန်မှာ ပြဿနာတစ်ခုပေါ်လာပါတယ်။ အဲ့ဒါကတော့ ဝယ်သူက မြေသန့်မသန့်စစ်ဆေးတဲ့အချိန်မှာ သူတို့မြေကွက်ထဲမှာ လူသေမြုပ်ထားတဲ့ နေရာတစ်ခုရှိနေတာပါ။ အဲ့ဒါကိုဇွတ်တိုးပြီး သင်္ချိုင်းမြေကိုတူးဖော်ပြီး နေရာရွှေ့ပြောင်းကြတဲ့နောက်မှာတော့ သူတို့လုပ်ခဲ့မိတဲ့အမှားအယွင်းတစ်ခုကြောင့် တူးဖော်ရာမှာပါဝင်ခဲ့တဲ့သူတွေဟာ ဆိုးဝါးတဲ့ ခြောက်လှန့်ခြင်းတွေနဲ့ကြုံရပြီး တစ်ယောက်ပြီးတစ်ယောက်ထူးခြားစွာသေဆုံးကုန်ကြပါတော့တယ်။ အရှေ့တိုင်းနိုင်ငံအတော်များများရဲ့အယူအဆဖြစ်တဲ့ ဖုတ်ဝင်ခြင်းကိုအခြေခံထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မိုးကြိုးပစ်ချိန်၊ ကြောင်နက်ကျော်ချိန်တွေမှာ အလောင်းက ထထိုင်တတ်တယ်ဆိုတာမျိုးပါ သူတို့တွေနဲ့အယူအဆတူညီနေတာကိုတွေ့ရမှာဖြစ်ပြီး နောက်ဆုံးမှာ ဒီလိုဖြစ်ရပ်တွေကို အမှန်တကယ်တွေ့ကြုံခဲ့ဖူးတဲ့သူတွေနဲ့လည်း အင်တာဗျူးပြထားပါသေးတယ်။


