Life of Pi
ဇာတ်ညွှန်း
Myanmar Sub Life of Pi (2012) (Only On Bioscope) IMDB : 7.9 Rotten Tomatoes : 86% Genre : Adventure / Fantasy =================== Life of Pi ကတော့ ၂၀၀၁ ခုနှစ်ထွက် Yann Martel ရဲ့ Life of Pi (Schiffbruch mit Tiger) ဝတ္ထုကို အသက်သွင်းထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ Oscar 11 ဆု ဇကာတင်ခဲ့ပြီး ၄ ခု အထိဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် မကောင်းမှာတော့ ပူစရာမလိုပါဘူး။ ဇာတ်ညွှန်း ပိုင်ပတဲလ်ဆိုတာ အိန္ဒိယမှာကြီးပြင်းခဲ့တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ Skeptic လို့ပဲပြောရမလား ဒါမှမဟုတ် Skeptic ပြောင်းပြန်လို့ပဲပြောရမလား သူဟာ တွေ့သမျှဘုရားတိုင်းကို သံသရပေါင်းများစွာနဲ့ ယုံကြည်ခဲ့တဲ့လူဖြစ်ပါတယ်။ ဆိုတော့ သူ့ငယ်ဘဝက ဘောင်ခတ်မထားဘူးလို့ပဲဆိုရမှာပေါ့လေ။ သူ့ရဲ့အမေက ဇာတ်နိမ့်ဖြစ်တဲ့ သူ့အဖေကိုယူတယ်ဆိုပြီး အိမ်ကနေအမွေပြတ်စွန့်ပစ်ခံလိုက်ရတယ်။ ဒါပေမဲ့ သူတို့မိသားစုလေးကသာယာခဲ့တယ်။ တိရိစ္ဆာန်ရုံလေးတစ်ရုံပိုင်ခဲ့တယ်။ ဘဝရဲ့ အချိုးအကွေ့တချက်မှာ သူတို့မိသားစု တစ်ရွာကိုပြောင်းဖို့ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ပြောင်းရမှာက ပင်လယ်ရပ်ခြား ဖြစ်တဲ့ကနေဒါနိုင်ငံကိုဖြစ်နေတယ်။ ဆိုတော့ သူတို့ဟာ တိရိစ္ဆာန်ရုံတွေကို သင်္ဘောပေါ်တင်ပြီး ကနေဒါနိုင်ငံကို ချီတက်ခဲ့ကြတယ်။ ကံဆိုးချင်တော့ မာရီယာနာချောက်နားမှာ မုန်တိုင်းမိတာပဲလား၊ ကံတရားအငြိုးကြီးလို့ပဲလားတော့မသိဘူး ပိုင်တို့စီးလာတဲ့ သင်္ဘောနစ်မြုပ်ခဲ့တယ်။ အဲဒီမှာ လူက ပိုင်တစ်ယောက်ပဲအသက်ရှင်ကျန်ရစ်ခဲ့တယ်။ ဒါပေမဲ့ တိရိစ္ဆာန်ကတော့ မြင်းကျားတစ်ကောင် ခွေးအတစ်ကောင် အော်ရိန်းဂျု့စ်လို့ခေါ်တဲ့ မျောက်မကြီးတစ်ကောင်နဲ့ ရစ်ချက်ဒ်ပါကားလို့ခေါ်တဲ့ ကျားကြီးတစ်ကောင်ရယ်ကလည်း သူ့ရဲ့အသက်ကယ်လှေပေါ်မှာ ပါလာခဲ့တယ်။ ဒီလိုနဲ့ အသက်ကယ်လှေလေးတစ်စီး၊ ကျားတစ်ကောင်၊ လူတစ်ယောက်၊ အဆုံးမဲ့တဲ့ ပင်လယ်ပြင် ကောင်းကင်နဲ့ရေပြင်တစ်သားတည်းကျခဲ့တဲ့ ပတ်ဝန်းကျင်မှာ အသက်ရှင်သန်ဖို့လမ်းဟာ နိုးတစ်ဝက်အိမ်မက်တစ်ခုဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ပိုင်တစ်ယောက်ဘယ်လိုများရှေ့ဆက်မှာလဲဆိုတာကို ရင်ထဲ တသသဖြစ်အောင်ရိုက်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အကောင်းဆုံးတချက်ကတော့ ဒီရုပ်ရှင်က ကြည့်တဲ့ပရိသတ်အကြိုက် ဇာတ်ကိုသိမ်းလို့ရတာပါပဲ။ ဒီအချက်ကပဲ ရုပ်ရှင်ကို ပိုလို့တောင် ကြွသွားစေပါတယ်။ ပိုင်အဖြစ် မင်းသားကြီး Irrfan Khan က သရုပ်ဆောင်ထားပါတယ်။ မသိတဲ့သူမရှိလောက်တဲ့ Life of Pi ကို နှလုံးသားနဲ့ခံစားပြီးတော့ အတွေးနယ်ချဲ့ကြည့်လိုက်ကြပါဦးခင်ဗျာ။


